မိုင်းစံ မတ်လ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ အမှတ်(၁)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ပူးပေါင်း၍လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့(၁၁) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က "လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး" "လူငယ်နဲ့စာရိတ္တ" ခေါင်းစဉ်များဖြင့် လူမှုပေါင်းသင်းဆက်ဆံရေး အရေးကြီးကြောင်း၊ အကျင့်စာရိတ္တကောင်း မွန်စေလိုကြောင်း လူငယ်များ အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်ဒုတိယ ဦးစီးမှူး(ကိုယ်စား) ဒေါ်ကေသွယ်စိုးက "လူငယ်နှင့် ရည်မှန်းချက် " ခေါင်းစဉ်ဖြင့် လူငယ်များ ရည်မှန်းချက်မြင့် မြင့်မားမားထားစေလိုကြောင်း၊ ရှုံးနိမ့်မှုများကို ကြံ့ကြံ့ခိုင် ရင်ဆိုင် စေလိုကြောင်း၊ စိတ်ဓာတ်ကျအားငယ်ခြင်းမရှိစေလိုကြောင်းရှုံး နိမ့်မှုမှသင်ခန်းစာယူကာ မိမိ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားစေလိုကြောင်း၊ လုဆိုတာခံစားချက်နဲ့ အသက်မရှင် ပဲရည်မှန်းချက်ဖြင့် အသက်ရှင်စေ လိုကြောင်း ပညာပေးဟောပြောခဲ့သည်။
အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အင်အား(၂၅) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်၊၊
မိုင်းစံ ပြန်/ဆက်