ငါန်းဇွန် နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မဈေးအနီး ပုညပါရမီဆွမ်းလောင်းအသင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှု၊ အလှူရှင်များ ပူးပေါင်းကူညီမှုဖြင့် ယနေ့နံနက် ၈ နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များမှ မိဘပြည်သူတို့အား သက်သာသောနှုန်းထားဖြင့် တစ်ဦးလျှင် ဆန်(၁)ပြည်နှုန်းရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အလှူရှင်များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များမှ မိဘပြည်သူ (၆၀၀)ဦးအား ဆန်(၁)ပြည်လျှင်(၁ဝဝဝိ/-)နှုန်းဖြင့် ဈေးနှုန်းသက်သာစွာရောင်းချပေးပြီး ဆန်လာရောက်ဝယ်ယူသူပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)