ချီဖွေခရိုင်၌ ကချင်အထူးဒေသ (၁) လူမှု အထောက်အကူပြုအဖွဲ့မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့် အခမ်းအနားကျင်းပ

ချီဖွေ နိုဝင်ဘာ ၁

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ကချင်အထူးဒေသ (၁) လူမှုအထောက်အကူပြုအဖွဲ့မှ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း (ချီဖွေ)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ချီဖွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ ချီဖွေခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ခိုင်စိုး၊ ချီဖွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်စမ်းအောင်၊ ချီဖွေမြို့ နယ်ရဲတပ်ဖွဲ့ ရဲမှူးလင်းထူး၊ မြို့နယ်တရားရုံး တရားသူကြီးဦးရန်နိုင်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇောင်းရယ်၊ ကချင်အထူးဒေသ (၁) လူမှုအထောက် အကူပြုအဖွဲ့ခေါင်းဆောင် ဦးမုတ်မျော်ဆိုင်းခေါင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများနှင့့်် ရပ်မိ၊ ရပ်ဖများ တက်ရောက်ခဲ့ကြပြီး KBC နှစ်ချင်းအသင်းတော် သိက္ခာတော်ရ ဦးဘီယော်ဘောမ့်မှ အဖွင့်ဆုတောင်းပြုလုပ်ခဲ့သည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူများအား ချီဖွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် ကချင်အထူးဒေသ (၁) လူမှုအထောက် အကူပြုအဖွဲ့ခေါင်းဆောင် ဦးမုတ်မျော်ဆိုင်းခေါင်တို့က အမှာစကားပြောကြားပြီး ကချင်အထူးဒေသ(၁) လူမှုအထောက်အကူပြုအဖွဲ့ကိုယ်စား ဦးလော်ထန်ခေါင်ဟောင်းက အားပေးစကား ပြောကြားကာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ (၅) ဘာသာဂုဏ်ထူး ရှင်(၁)ဦး၊ (၃) ဘာသာဂုဏ်ထူး ရှင် (၂)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၃)ဦးနှင့် ရိုးရိုး အောင်မြင်သူ (၂၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးတို့အား တာဝန်ရှိသူ အသီးသီးမှ ဆုများကိုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မေခမွန်(ပြန်/ဆက်)