သနပ်ပင် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ပြည်သူများသို့အသိပေးချက် ရက်တိုးမြှင့်ခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက် ကြီးကြပ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ လူစည်းကာရာနေရာများဖြစ်သော မြို့အဝင်/ အထွက် စစ်ဆေးဂိတ်များ၊ မြို့မဈေးလမ်းဆုံနှင့် ဈေးအတွင်း/ အပြင်များတွင် အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ ယခင်က (၁.၁၁.၂၀၂၂)ထိ ဆောင်ရွက်နိုင်ကြောင်း ကြေငြာထားသော်လည်း ပြည်သူများ၏ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေး လုပ်ငန်းများ၊ အိမ်၊ခြေ၊ မြေပိုင်ဆိုင်မှုများ၊တယ်လီဖုန်းစသည့် ဆက်သွယ်ရေးလုပ်ငန်းနှင့်သက်ဆိုင်နေသဖြင့် ပိုမိုသိရှိလာရောက် ဆောင်ရွက်နိုင်ရေးအတွက် ရက်သတ္တ(၂)ပတ်တိုး၍ (၁၅.၁၁.၂၀၂၂) ရက်နေ့အထိ လာရောက်ဆောင်ရွက်နိုင်ရန် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ထမ်မံအသိပေးကာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)