သတင်းများ

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုပွဲတက်ရောက်
Mar 24,2022
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်း ခြင်းခံရသည့်ပုဂ္ဂိုလ်များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီမြို့တော် ခန်းမတွင် ကျင်းပခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ တိုးပွါးစေရန်နှင့် လူငယ် ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ယမန်နေ့က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့တွင် ပြည်သူများ ရေကို ခြိုးခြံချွေတာသုံးစွဲရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Mar 24,2022
ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါတိုင်းအတွက် မရှိမဖြစ်အသုံးဝင်သည့် ရေသယံဇာတများပျက်စီး ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန်နှင့် ရေ အရင်းအမြစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက် စေလိုသောရည်ရွယ်ချက်ဖြင့် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမတွင်ရေကိုခြိုခြံချွေတာသုံးစွဲရေးအသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို Online မှရိုက်ကူးထုတ်လွှင့်ပေးသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ငြိမ်းချမ်းရေးအဖွဲ့များအား ဆန်အိတ်များထောက်ပံ့
Mar 24,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့များအား ဆန်ထောက်ပံ့ပေး အပ်သည့်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်အံ (နဘူး)လမ်းဖွင့်လှစ်
Mar 24,2022
၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျော့ရွာကျေးရွာမှ နဘူး၊ ထို့ကော်ကိုး ဒေသများသို့ အဓိကဆက် သွယ်ထားသည့် ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်အံ (နဘူး)လမ်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
ပုသိမ်မြို့နယ်တွင် အများပြည်သူများ သုံးစွဲရန်နှင့် သောက်သုံးရန်မသင့်သော အရက်ပုလင်းများဖျက်ဆီး 
Mar 24,2022
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အများပြည်သူများ သုံးစွဲရန်နှင့် သောက်သုံးရန် မသင့်သော သိမ်းဆည်း ထားသည့် အရက်ပုလင်းများအား ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် လုပ်ထုံး လုပ်နည်းနှင့် အညီ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန် နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က(မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်း
Mar 24,2022
ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကရင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စု /ကျေးရွာများ၌ ဖွင့်လှစ်ထားသည့် ကျေးရွာစာကြည့်တိုက်များသို့ သုတရသစာအုပ်များအား ပေးအပ်လှူဒါန်းလျက်ရှိရာ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ  ကျေးရွာစာကြည့်တိုက်များသို့ သုတရသ စာအုပ်များအား ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပ သည်။