မိုးနဲမြို့နယ် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

မိုးနဲ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ညနေ ၂ နာရီအချိန်က မြို့နယ်က‌မ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မောက်မယ်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များ၊ လူ့အခွင့်အရေးအဓိပ္ပာယ်၊ လူ့အခွင့်အရေးတွင်ပါဝင်သည့်အချက်များ၊ ကလေး၏အဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့်သိထိုက်သည့် အခွင့်အရေးများ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးများအတွက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများ၊ ထောက်ပံ့ပေးနေမှုများ စသည့်အချက်များကို ဆွေးနွေးတင်ပြရာ အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင်များက လေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် စပ်လျဉ်းပြီး အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)