မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

မော်လမြိုင်    နို၀င်ဘာ   ၂

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာမှ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ကမော်လမြိုင် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းနေမှုကို မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများမှ အားဆေးများ၊ ကြက်ဥနှင့်အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ပြီး ပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်တုသွေးသန့်စင်ဌာနတွင် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းအပေါ် ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်