ဝေါမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများနှင့် အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများ သတိပြုလိုက်နာရမည့်လက်ကမ်းစာစောင်ဖြန့်ဝေပေး

ဝေါ နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများနှင့် အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများ သတိပြုလိုက်နာရမည့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဝေါမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးရှေ့ မင်းလမ်းမတွင် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင် ဦးကြည်ဝင်း(မြို့မိမြို့ဖ)၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်ဦးနှင့် လဝကရုံးဝန်ထမ်းများ၊ ဝေါမြို့မရဲစခန်းမှူး ဒုရဲမှူးသစ်လွင်တို့ပါဝင်သော တာဝန်ရှိသူများက  လမ်းသွား/လမ်းလာသူများအား (လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများနှင့် အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများ သတိပြုလိုက်နာရမည့်အချက်များ)ပါဝင်သည့် အသိပညာပေးလက်ကမ်းစာဆောင် (၂၀၀)ရွက်ခန့်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)