တောင်တွင်းကြီးမြို့ အထက(၁)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့က လူငယ်ရေးရာအသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။