လဲချားတွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

လဲချား နိုဝင်ဘာ  ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ် အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးမှ ကလေးသူငယ်ဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ သိလိုသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း  သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)