ဟုမ္မလင်း၌ မြို့နယ်အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေး

ဟုမ္မလင်း နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ ဆေးတိုက်ပေးခြင်းကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီး ဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးတင်မောင်ဝင်းနှင့် ဆရာမများက အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်ရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့် ကာကွယ်ဆေးကို တိုက်ကျွေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို နိုဝင်ဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)