ကလေးမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်

ကလေး နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်း စျေးဝယ် များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး  Mask  Campaign ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပြည်သူများ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲများ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာကြရန် နှင့် အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်-၁၉ ရောဂါ  ထပ်ဆောင်း ကာကွယ်များ ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask (၂၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေးအသိပညာပေး Mask Campaign ဆောင်ရွက်ရာ သို့ ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)