ကျောင်းကုန်း နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁ဝ နာရီ ၃၀ နာရီအချိန်ခန့်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ထပ်မံ၍ ငှားရမ်းပေးခဲ့ကြသည်။
အဆိုပါ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ပြစာအုပ်များကို ပြီးခဲ့သည့် (၁၄)ရက် က ငှားရမ်းပေးခဲ့သော စာအုပ်များအပ်ကာ စာအုပ်အသစ်များကို ငှားရမ်းပေးခဲ့သည်။ ဆက်လက်၍ သမဝါယမဦးစီးဌာနရုံးသို့ လိုက်လံငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)