သတင်းများ

မိုးကုတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင် ပြပွဲကျင်းပ
Mar 26,2022
မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ မုံရွာမြို့နယ် တောပု ကျေးရွာရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 26,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လိုက်ပါပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့လယ်ပိုင်းက မုံရွာမြို့နယ် တောပုကျေးရွာသို့ ရောက်ရှိပြီး တောပုကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောပုကျေးရွာ ပြည်သူစစ်အတွက် ဆန်၊ ဆီ အပါအဝင် စာဖွယ်မျိုးစုံတို့နှင့် ငွေကျပ်(၁၅၀၀၀၀)ကို တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီးနောက် မြို့နယ် စီမံခန့်အုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး နိုင်ဇင်သက်၏ အနီကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် တပ်မ‌တော် ဆေးတပ်ဖွဲ့မှ တာဝန်ရှိသူများက တောပုကျေးရွာမှ ပြည်သူ(၁၈၀)ဦးအတွက် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Phase 7 Second dose ထိုးနှံပေးနေမှု တို့အား ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ မြို့နယ်အတွင်းရှိ စာစစ် ဌာန အသီးသီးတွင် လာရောက်ထုတ်ယူ
Mar 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ယနေ့နံနက် (၉) နာရီအချိန်မှစ၍ လာရောက် ထုတ်ယူလျက်ရှိ ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ(၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Mar 26,2022
မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ (၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်း ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Mar 26,2022
၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၇) နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့ ဝင်များမှ တောင်ရင်းရပ်ကွက်ရှိ ကျောက်ဖြူဘိုး ဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
တနိုင်းမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ "ဇမ္ဗူအေးအောင်စင်္ကြာမုနိ" စေတီတော်မြတ်အား ရွှေထီးတော် တင်လှူပွဲကျင်းပ
Mar 26,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ မကောအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာ ရွေကျားကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်အပ်သော၊ "ဇမ္ဗူအေးအောင် စင်္ကြာမုနိ" စေတီတော် မြတ်ကြီးအား ရွှေထီးတော်တင် မင်္ဂလာလှူပွဲကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ကျောင်းကျန်းမာရေးစံပြကျောင်း ရွေးချယ်ရေး ညှိနှိုင် အစည်းအဝေး ကျင်းပ
Mar 26,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကျောင်းကျန်းမာရေး စံပြကျောင်း ရွေးချယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် ကျောင်းကျန်းမာရေးစံပြကျောင်း ရွေးချယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
မိုင်းဖြတ်၌ နိုင်ငံ​တော်မှဆက်ကပ်သည့် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသအား ဂုဏဝိသိဌ ဂုဏ်ပြုပူဇော်ပွဲကျင်းပ
Mar 26,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံ​တော်မှဆက်ကပ်သည့် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တနန္ဒောဘာသအား ဂုဏဝိသိဌ ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက