သတင်းများ

ကြံခင်းမြို့တွင် (Green City၊Clean  City၊ Smart City)ဖြစ်လာစေရန်မြို့နယ်ဌာန ဆိုင်ရာများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့တွင် (Green City၊ Clean City ၊Smart City)ဖြစ်လာစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က  ကြံခင်း-မြန်အောင် ကားလမ်း ဘေးဝဲယာ မိုင်တိုင် (၄//ဝ)(၄/၃) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Mar 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနကျောင်းများအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 27,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း လူစည်ကားသည့်နေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ပင်းတယမြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 27,2022
ရှမ်းပြည်နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ပင်းတယ) မြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံ အားကစားသင်တန်းအား ပင်းတယမြို့ အားကစားခန်းမ၌ အားကစားနည်း (၇)မျိုးတို့ကို မတ်လ(၂၁)ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိ အခမဲ့လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ် ဥပဒေရုံးအဆောက်အဦဖွင့်ပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင် တက်ရောက်ချီးမြှင့်
Mar 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ဥပဒေရုံးအဆောက်အဦဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါရုံး​ရှေ့၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးခင်မောင်လွင်က ရုံးဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ကျေးဇူးတင်စကား ပြောကြားကာ ပျူနွယ်ဖွားကုမ္ပဏီ မန်နေဂျာ ဦးထွန်းထွန်းဝင်းက သဲကုန်းမြို့နယ်ရုံး အကြီးစားပြင်ဆင်ဆောက်လုပ်ခြင်း မှတ်တမ်းများအား တိုင်းဒေသကြီး ဥပဒေအရာရှိထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကလိန်အောင်ဒေသထွက် သံပုရာသီးများ ယခင်နှစ်ကထက် ဈေးကောင်းရ၍ သံပုရာပင် စိုက်ပျိုးသူများအဆင်ပြေ
Mar 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ သံပုရာသီးသည် စားသောက်ကုန် အသီးအနှံများတွင် စားသုံးသူများ သုံးစွဲစားသောက်မှုများသည့် အသီးအနှံများတွင် ပါဝင်လျက်ရှိပြီး ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရာသီဥတုနှင့် သဘာဝရေမြေအနေ အထားအရ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့အတွင်း၌ သံပုရာပင် စိုက်ပျိုးဧကပေါင်းများစွာ ရှိပြီး နှစ်စဉ် မိုးရာသီနှင့် နွေရာသီတွင် သံပုရာသီးများစွာ ထွက်ရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေး
Mar 27,2022
တနင်္သါရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင်၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့်စာစစ်ဌာနများအား ​မီးဘေးလုံခြုံ ရေးရှိ၊မရှိကို မတ် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး (၄)ထပ်ဆောင်ဆောက်လုပ်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး
Mar 27,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး RC (၄)ထပ်ဆောင် အဆောက်အဦသစ် ဆောက်လုပ်မှု လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီးဖြစ်ကြောင်း အေဝမ်း(A1) ဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးအောင်မြင့်က ပြောသည်။