အလုံ နိုဝင်ဘာ ၁
မီးဘေး၊ သဘာဝဘေးနှင့်အခြားဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး အချိန်နှင့်တပြေးညီ လျင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဌေးကြွယ်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့ပြီး အလုံခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိုင်းဝေမိုးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဌေးကြွယ်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရန်မီးသတ်ဝတ်စုံများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြအဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးပြည့်စုံနှင့် နည်းပြ(၅)ဦးတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦးတို့အား မီးသတ်ပညာနှင့် ရှာဖွေကယ်ဆယ်ရေးပညာများကို နိုဝင်ဘာ(၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်