ညောင်ရွှေ နိုဝင်ဘာ ၁
ဒေသတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက် လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေ တောင်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦး ဆောင်သည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံခြင်းကို ယနေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ တိလောကျေးရွာရှိ ရွှေဂူဘုရားဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စွာလင်းက မိမိတို့ပူးပေါင်းအဖွဲ့ ကွင်း ဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီးနောက် လိုက်ပါလာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေးကိစ္စရပ်များကို မိမိတို့ကဏ္ဍအလိုက် ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတိုင်းရင်းသားပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပို ဆောင်း ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ