သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဒက္ခိဏခရိုင်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေး
Apr 01,2022
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဒုတိယနေ့ ဆက်လက်ဖြေဆို
Apr 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုရာ ယနေ့တွင် ဒုတိယနေ့ ဆက်လက် ဖြေဆိုရာကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ သူများ အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။
မုံရွာမြို့ ကျွဲရဲစစ်‌ဆေးရေးဂိတ်တွင် ခရီးသွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ပါ/မပါစတင်စစ်ဆေး
Apr 01,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကျွဲရဲစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်(၆)နာရီမှစတင်ပြီး နိုင်ငံတစ်ဝန်း နိုင်ငံသား(မှတ်ပုံတင်)မပါရှိပဲ ခရီးသွားလာခြင်းကို ခွင့်မပြုတော့သဖြင့် ခရီးသွား ပြည်သူများ အားလုံး နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ/မပါ စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကျောက်တော်မြို့နယ်ရှိ စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၄၀၆၆) ဦး ဆက်လက်ဖြေဆို
Apr 01,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၂ ခုနှစ် မတ်လ (၃၁)ရက်နေ့မှစတင်၍ စာစစ်ဌာန (၁၀)ခုနှစ် စတင်ဖြေဆိုကျင်းပလျက်ရှိရာ ကျောက်တော်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၀)ခု၌ (ဒုတိ ယနေ့) အင်္ဂလိပ်စာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၄၀၆၆) ဦးမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယ)နေ့တွင် ကျောင်းသား/သူများ ဖြေဆို
Apr 01,2022
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယမန်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ တက္ကသိုလ် ဝင်တန်းစာမေးပွဲ(ဒုတိယ)နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ စာစစ်ဌာနအသီးသီး၌ ကျောင်းသား / ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၂) တက်ရောက်
Apr 01,2022
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၂)ကို ယမန်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တာလေမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယနေ့အဖြစ် ကျောင်သားကျောင်းသူများ ဆက်လက်ဖြေဆို
Apr 01,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတင်​ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ကျောင်းသား ကျောင်းသူများက ဒုတိယနေ့အဖြစ် အဂ်လိပ်စာ ဘာသာရပ်ကို စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၂) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၃၄၂၁) ဦး ဝင်ရောက်ဖြေဆို
Apr 01,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၂) ခုတွင် (ဒုတိယနေ့)အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ၁၃၃၁ ဦး၊ ကျောင်းသူ ၂၀၉၀ ဦး၊ စုစုပေါင်း ၃၄၂၁ ဦးတို့မှ အေးချမ်းစွာဖြင့်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။