သာပေါင်း နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းနေကြာ စိုက်ပျိုးမည့် ကျေးရွာ(၆၆)အုပ်စုရှိ တောင်သူများအား နေကြာသီးနှံစီမံကိန်း တာဝန်ပေးအပ်ပွဲနှင့် နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်မှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသန့်ဇင်က ၂၀၂၂-၂၀၂၃ ခုနှစ်စီမံကိန်း ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှုနှင့်မျိုးစေ့များ၏ အရည်အသွေးလက္ခဏာများ၊ နေကြာဆီ ထွက်သီးနှံ စိုက်ဧကပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေးတို့အတွက် ဆောင်းနေကြာမျိုးစေ့ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း ဆီရိက္ခာဖူလုံမှုကိုအထောက်အကူဖြစ်စေရန် ၂၀၂၂ -၂၀၂၃ ခုနှစ်အတွက် နေကြာသီးနှံ သီးသန့် လျာထားစိုက်ဧက(၂၅၂၆.၀၀) အပေါ်စိုက်ပျိုးကြမည့် ကျေးရွာအုပ်စု(၆၆)တွင် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးမည့်တောင်သူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာ ထိုက်နှင့်အဖွဲ့ဝင်တို့က အထွက်တိုးနေကြာ သီးနှံမျိုးစေ့ များပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်