၂၀၂၂ ခုနှစ်၊ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် စေတီပုထိုးများတွင် ကုသိုလ်ပြုလုပ်ငန်းများဆောင်ရွက်

သာပေါင်း နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် စေတီပုထိုးများတွင် ကုသိုလ်ပြုလုပ်ငန်းများကို ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင် ဆောင်ရွက်ကြသည်။

၂၀၂၂ ခုနှစ်၊ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲကို အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ သာပေါင်းမြို့မှ ကြိုဆိုပါ၏ဆိုင်းဘုတ်၊ မင်္ဂလာတံတားဆိပ်ကမ်း၊ ငဝန်မြစ်ကမ်း သဘာဝရေပြင် ငဝန်မြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ငါးမျိုးစုံ (၅,၀၀၀)ကောင်အား လွှတ်ပေးကြပြီး အမှတ်(၃)ရပ်ကွက်၊ ကွင်းသာယာလမ်းရှိ မြချမ်းသာစေတီတော်မြတ် ပရဝဏ်အတွင်း ဘုရားရင်ပြင်သန့်ရှင်းရေးများ စုပေါင်းကုသိုလ်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း ပြန်/ဆက်