ရွှေတောင် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့နယ်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြန်လည်နေရာချထားမည့် ညောင်စာရေးကျေးရွာအုပ်စု၊ လှေကြီးစုကျေးရွာ အိမ်ထောင်စုများအတွက် မြေယာလျော်ကြေးနှင့် စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးတိုးလှိုင်၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ အတွင်းရေးမှူး ရဲမှူးနိုင်စိုး၊ အဖွဲ့ဝင်(၃)လဝကမှူး ဦးသန်းထူးတို့က မြေယာလျော်ကြေးငွေကျပ်သိန်း( ၅၀)ကျပ်နှင့် ညောင်စာရေးကျေးရွာအုပ်စု၊ လှေကြီးစုကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရန် လိုအပ်သည့်အိမ်ထောင်စု (၂၇) စုအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)၊ဆီ (၅) ပိဿာ၊ပဲ (၃) ပိဿာ၊ ဆား (၁)ပိဿာ စားနပ်ရိက္ခာ ကုန်ကျငွေ (၂၇၅၄၀၀၀)ကျပ်၊ စုစုပေါင်း (၇၇၅၄၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါထောက်ပံ့ငွေ ပေးအပ်မှုနှင့်ပတ်သက်၍ ညောင်စာရေးကျေးရွာအုပ်စု၊ လှေကြီးစုကျေးရွာနေ ရပ်မိရပ်ဖဦးသန်းထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုကိုမင်း( ပြန် / ဆက်)