အင်းတော် နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် စက်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အင်းတော်မြို့နယ်အတွင်းမှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူခဲ့ကြပြီး အင်းတော်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များက တက်ရောက်ကြည်ညို ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများက အင်းတော်မြို့ ရေတွင်းကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ရွတ်ပွားသရဇ္ဇျယ်တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ကထိန်ခံ စက်ကုန်းကျောင်း ဆရာတော် ဦးဝိရိန္ဒထံသို့ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ် လှူဒါန်းသည်။ ၎င်းနောက် တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက ရေတွင်းကုန်းကျောင်းဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်များအား အင်းတော်မြို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ယနေ့ကျင်းပသည့် အင်းတော်မြို့ ဝန်ထမ်းပေါင်းစုံ စုပေါင်း ဘုံကထိန်ပွဲတွင် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ စုစုပေါင်း ငွေကျပ် ၅၂ သိန်းကျော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်သီဟ