ကျွန်းလှမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကျွန်းလှ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲက ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့် ပြည်သူများအား မြို့နယ်ပြည်သူ့ ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ ဝင်းဇော်ဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေးစစ်ဆေးပေးပြီး စနစ်တကျ ထိုးနှံပေးကြသည်။

ထို့အပြင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ လမ်းသွား လမ်းလာများ၊ ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအား နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)တပ်တင် သွားလာရန်၊ လက်ကိုစနစ် တကျ ဆေးရန်၊ စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ အသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ