သတင်းများ

ကျောက်ဆည်မြို့နယ် အင်ရောင်းကျေးရွာတွင် ဆပ်သွားဖျာ တစ်ပိုင်တစ်နိုင် ရက်လုပ်ခြင်းဖြင့် မိသားစု အပိုဝင်ငွေများရရှိ
Apr 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မိသားစုအပိုဝင်ငွေရရှိရေး အတွက် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ကြရာ အင်ရောင်းကျေးရွာတွင် ဆပ်သွားဖျာ တစ်ပိုင်တစ်နိုင် ရက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
သရက်ချောင်းမြို့၌ မန္တလေးမျိုးပတ္တမြားငမောက် သရက်ပင်များ စီးပွားဖြစ်စိုက်ပျိုးအောင်မြင်
Apr 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မန္တလေးမျိုး ကိုင်းဆက် ပတ္တမြားငမောက် သရက်ပင်မျိုးများ စမ်းသပ် စိုက်ပျိုးရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၈)နှစ်ထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် တစ်ကြိမ် တစ်ခါမျှ မထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျေးလက်ကျန်းမာရေးဌာနတွင် ပတလာဘ ကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
မိုင်းဆတ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကျောင်းစိမ်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့လှူဒါန်း
Apr 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကျောင်းစိမ်းဝတ်စုံနှင့် ဗလာစာအုပ်များကို ယမန်နေ့နံနက်ပိုင်းက သဗ္ဗညု(မူလွန်) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ထောက်ပံ့လှူဒါန်းခဲ့သည်။
ပေါက်တောမြို့နယ် IDPsစခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား သတ္တမအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) စတင်ထိုးနှံ
Apr 03,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား သတ္တမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin)ကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံခဲ့ကြောင်းသိရသည်။
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ဆင်စာဘူဖေး လှူဒါန်းကျွေးမွေးမှု (၂၁)ကြိမ်အထိ ရှိလာ
Apr 03,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်းရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဆင်စာဘူဖေးလှူဒါန်းကျွေးမွေးမှု (၂၁)ကြိမ်အထိ ရှိလာပြီဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်ထံက သိရသည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား နဝမအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin)ထိုးနှံ
Apr 03,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူ များအား နဝမအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လားရှိုးမြို့တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေး
Apr 03,2022
၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာဖြေဆိုနေသော လားရှိုးမြို့အမှတ်(၃)၊ အမှတ်(၆)ကျောင်းရှိကျောင်းသား/ကျောင်းသူများအား ဧပြီ(၂)ရက်နံနက်(၉)နာရီက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် လှည့်လည်ကြည့်ရှုပြီး ကြီးကြပ်မှုရုံးခန်း၊ ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ပေးမည့် ဆေးပေးခန်းတို့အားကြည့်ရှုကာ လိုအပ်သည့်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။