သတင်းများ

ကဝမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ပညာပေးဆွေးနွေး
Apr 03,2022
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးဆွေးနွေးပွဲကို ဧပြီ(၂)ရက်နေ့က မကျက်ကြီးကျေးရွာနှင့် သပြေကန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် လစဉ်ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်
Apr 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနက အသက်(၂)နှစ်အောက် ကလေး ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်း လုပ်ငန်းကို ယမန်နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးကြသည်။
ပြည်မြို့ ၀င်္ကဘာ​တောရ ဘ/က  စာသင်တိုက်ကြီး၏ ဦးစီးပမာန နာယက ဆရာ​တော် ဘဒ္ဒန္တဩဘာသ အား "မဟာသဒ္ဒမ္မ​ဇောတိကမဇ"ဘွဲ့တံဆိပ်​တော်နှင့် သက်​တော် ၅၀(ဝါ​တော် ၃၁) နှစ်ပြည့် ​ရွှေရတု ဂုဏ်ပြုမင်္ဂလာ အခမ်းအနား ကျင်းပ
Apr 03,2022
ပဲခူးတိုင်း​ဒေသကြီး (အ​နောက်ပိုင်း) ပြည်မြို့၊ ၀င်္ကဘာ​တောရ ဘ/က  စာသင်တိုက်ကြီး၏ ဦးစီးပမာန နာယက၊ တိုင်း​ဒေသကြီး သံဃာ့၀န်​ဆောင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် မြို့နယ် ဘုန်းကြီး​ကျောင်း၊ ပညာသင်ကြားမှု ကြီးကြပ်​ရေးအဖွဲ့ ဥက္ကဌ မြို့နယ် သံဃနာယကအဖွဲ့ အကျိုး​တော်​ဆောင် ဆရာ​တော် ဘဒ္ဒန္တဩဘာသအား "မဟာသဒ္ဒမ္မ​ဇောတိကမဇ"ဘွဲ့တံဆိပ်​တော် နှင့် သက်​တော် ၅၀(ဝါ​တော် ၃၁) နှစ်ပြည့် ​ရွှေရတု ဂုဏ်ပြုပွဲ မင်္ဂလာအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ၀င်္ကဘာ​တောရကျောင်း၌ ကျင်းပခဲ့​ကြောင်းသိရသည်။
သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေး အတွက် အသိပညာပေးဟောပြောပွဲကျင်းပ
Apr 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသိပညာပေး ဟောပြော ပွဲကို သက်ဆိုင်ရာဌာနများက  ယနေ့တွင် ကွေ့တက်ကျေးရွာနှင့် လင်းလဲကျေးရွာ တို့တွင် ကျေးရွာ‌ တောင်သူများထံအရောက် ကွင်းဆင်းအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အေရိုးဗစ် သင်တန်းဆင်းပွဲ ကျင်းပ
Apr 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီ အေရိုးဗစ် သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် ခရီးသွားမိဘပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ် ကိုင်ဆောင် သွားလာခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး
Apr 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ မိုင်းရှူး၊ မိုင်းနောင်၊ ခိုလမ်မြို့ဝင် စုပေါင်းဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မိုင်းနောင်မြို့တွင်း ဖြတ်သန်းသွားလာနေသော မိဘပြည်သူများအား နိုင်ငံသား စီစစ်ရေး ကတ်ပြားများကိုင်ဆောင်သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းကိုယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 03,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ် ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က   နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Apr 03,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် စည်ပင်သာယာခန်းမတွင် ယနေ့နံနက် ၉ နာရီမှစ၍ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။