သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် လားရှိုးမြို့ ဟတ်ကာလမ်းသွယ် ကိုယ့်အားကိုယ်ကိုး နိုင်လွန်ကတ္တရာ လမ်းသစ် တက်ရောက်ဖွင့်လှစ်
Apr 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက်၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် တာဝန်ယူဆောင်ရွက် ပေးခဲ့သော ဌာနနှင့် ပြည်သူလူထုများ ပူးပေါင်းကာ ဟက်ကာလမ်းသွယ် ကိုယ့်အားကိုယ်ကိုး နိုင်လွန်ကတ္တရာ လမ်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါလမ်း၌ ကျင်းပသည်။
ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ဖြေဆို
Apr 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတတိယနေ့ အဖြစ် ဓာတုဗေဒဘာသာရပ်အား အ.ထ.(ဂွ)၊ အ.ထ.(ဆပ်သွား)နှင့် အ.ထ.က(ကျိန္တလီ) စသည့် စာစစ်ဌာန(၃)ခုတွင် ယနေ့နံနက်(၉)နာရီက အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများဆောင်ရွက်
Apr 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြိုနယ်၊ ဖော့တောလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းက ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူ ၈၅ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို
Apr 04,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၂-ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဆက်လက်ကျင်းပခဲ့ပြီး ကျောင်းသား/သူ (၈၅)ရာခိုင်နှုန်း အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
မြေပုံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ များဆက်လက်ဖြေဆို
Apr 04,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒ ဘာသာရပ်အားယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာ တစ် နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျက်ရှိရာ မြေပုံမြို့နယ်အတွင်း စာစစ်ဌာန(၈)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆၁၇)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 
ကျောက်ပန်းတောင်းမြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ပျိုးတောင်သူများ ချောင်းရေ ကျရောက်ခြင်းကြောင့် ကြက်သွန်နီခင်းများအချိန်မတိုင်မီနုတ်သိမ်းနေရ
Apr 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ဆောင်းကြက် သွန်နီ စိုက်ပျိုးတောင်သူများ ယမန်နေ့ နံနက် ၃နာရီခွဲအချိန်တွင် ရွာသွန်းသည့်မိုး ကြောင့် ထန်းလယ်ချောင်းရေကျကာ ဆောင်းကြက်သွန်နီစိုက်ခင်းများအချိန်မကုန်မီနုတ် သိမ်းနေရကြောင်း ကျောက်ပန်းတောင်းမြို့နယ် ၊လဲဂွကျေးရွာမှကြက်သွန်စိုက်ပျိုးတောင်သူ ဒေါ်ဝိုင်းငြိမ်းထံမှ သိရသည်။
မြဝတီမြို့၌ လူငယ်များ ဘဝရည်မှန်းချက်ပန်းတိုင်ကို ကောင်းမွန်စွာလျှောက်လှမ်းနိုင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Apr 04,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် မတ်လ ၃၁ ရက်နေ့မှစတင်ကာ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိပြီး ယနေ့ဧပြီလ ၄ ရက်နေ့တွင် စတုတ္ထမြောက်နေ့အဖြစ် ဓာတုဗေဒဘာသာအား ဖြေဆိုလျက်ရှိသည်။