ဒလမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် စာရေးကိရိယာများ ထောက်ပံ့ခြင်းနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းအခမ်းအနားကျင်းပ

ဒလ နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် စာရေးကိရိယာများထောက်ပံ့ခြင်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက စာရေးကိရိယာများ ပေးအပ်ထောက်ပံ့ခြင်းနှင့် ကျောင်းတွင်း အဟာရတိုက်ကျွေးခြင်းအပေါ် ပညာရေးမိသားစုကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်သူက ကျောင်းသား၊ ကျောင်းသူ (၇၀၀)ဦးအတွက် ဗလာစာအုပ်(၂၁၀၀)အုပ်နှင့် ဘော်ပင် (၁၄၄၀)ချောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးမှကျေးဇူတင်စကားပြန်လည် ပြောကြားသည်။ ဆက်လက်၍ အာဟာရဒါနကျွေးမွေးခြင်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အဆိုပါ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးစစ်ကြောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြင့်ဇော်  (ပြန်/ဆက်)