ရမ်းဗြဲမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျေင်း(ပုလုပ်တောင်) ပညာရေးမိသားစု စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

ရမ်းဗြဲ     နိုဝင်ဘာ  ၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျေင်း (ပုလုပ်တောင်)ပညာရေး မိသားစု စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းကို ယနေ့နံနက် ၇ နာရီက ကထိန်လျာသင်္ကန်းနှင့်တကွ ပဒေသာပင်များအလှူရံပစ္စည်းများဖြင့် မြို့တစ်ပတ်လှည့်လည်ပြီး  ရမ်းဗြဲမြို့၊  ဒက္ခိဏာ ရမဝိဟာရ (တောင်ကျောင်း)  ပရိယတ္တိစာသင်တိုက်တွင်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေ့ဦးစွာ ဆရာတော်သံဃာတော်များ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ပုလုပ်တောင်)မှ တာဝန်ခံဆရာကြီးဦးသန်းရွှေနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသေ ာဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီးတောင်ကျောင်းပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောင်တည်ကြသည်။

ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူကြပြီး တာဝန်ခံဆရာကြီးဦးသန်းရွှေနှင့် ဆရာ/ဆရာမများကျောင်းသား/ကျောင်းသူများမှ ဆရာ တော်သံဃာတော်အရှင်သူမြတ်များကို  ကထိန်မသင်္ကန်း၊  ပဒေသာပင်များနှင့် နဝကမ္မ အလှူဝတ္ထုများ ကိုဆက်ကပ်လှူဒါန်းကြသည်။   ထို့နောက် တောင်ကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာ တော်ဘုရားထံမှ  ကထိန်အနုမောဒနာတရားတော်မြတ်ကိုနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍  ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားရုတ်သိမ်းကာ ဆရတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

အောင်နိုင် (ပြန်/ဆက်)