တာမွေမြို့နယ်တွင် Grade-5 သင်ရိုးသစ် နည်းပြသင်တန်းဖွင့်လှစ်ပို့ချပေး
Apr 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဉ္စမတန်းသင်ရိုးသစ်ကို သင်ကြား နိုင်ရန်နှင့်မူလတန်းကို ခြုံငြုံပြီး အလယ်တန်းကို လေ့လာချိတ်ဆက်နိုင်စေရန်အတွက် GRADE-5 သင်ရိုးသစ်နည်းပြ အွန်လိုင်း သင်တန်းကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် (၁၆၄)လမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၌ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။