သတင်းများ

အုတ်တွင်းမြို့နယ်၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူးဦးဝင်းနိုင်နှင့် ဝန်ထမ်းများသည် လူစည်ကားရာနေရာများ၌ ယနေ့နံနက်ပိုင်းက မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့်လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်
Nov 03,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍  စာရေးဆရာ မောင်မင်းစိုးရေးသားထားသည့် “လူငယ်နှင့်အထက်တန်းစား စိတ် ဓါတ်’’စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့မွန်းလွှဲ ၁နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၄ ခုနှစ် ဒွါဒသမ(၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်
Nov 03,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် ဒွါဒသမ(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများအား ဆက်ကပ်လှူဒါန်းပူဇော်သည်။
တံတားမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲအခမ်းအနားပြုလုပ်ကျင်းပ
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို၌(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ငွေကျပ် ၁၉၃၈ ဒသမ ၅၆၈ သန်းထုတ်ချေးပြီးစီး
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ကျေးရွာများအနက်၊ (၁၀/၂၀၂၂)လအတွင်း အရင်းပြန်လည်ပေးဆပ်ပြီး မြစိမ် းရောင်ကျေးရွာစီမံကိန်း ၄၄ ယူနစ်ကို ထုတ်ချေးငွေ ကျပ်သန်း ၁၉၃၈.၅၆၈ သန်း ထုတ်ချေး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လူသုံးကုန်ပစ္စည်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Nov 03,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်း နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စစ်ကိုင်းမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောဆွေးနွေး
Nov 03,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉးစီးဌာနနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း သိကောင်းစရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကျင်းပ
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီအချိန်က ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။