ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော် နိုဝင်ဘာ ၄


စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အကာအကွယ်ပေး ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်၊ လွိုင်ကော်မြို့ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၄/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကြာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင် က(၄/၂၀၂၂) အစည်းအဝေးတွင် ပြည်နယ်အတွင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)