တန့်ယန်း နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနအကြီးအကဲများ၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများကကြီးကြပ်၍ ခရိုင်နှင့် မြို့နယ်တို့မှဝန်ထမ်းများက ဘုရားကြီးကျောင်းတိုက်ရှိ မဟာမြတ်မုနိရုပ်ပွားတော်နှင့် ပုလ္လင်အား ရောင်တော်ဖွင့်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျောင်းတွင်း၌တံပျက်စီးလှည်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)