ကလောမြို့နယ်၌ ၂ဝ၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၃၇၄)ဦးဖြေဆို

ကလော   ဧပြီ   ၁

 ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၆ ခု မှ ကျောင်းသား၊ ကျောင်းသူ (၁၄၉၁)ဦး စာရင်းပေးသွင်းထားပြီး (၁၃၇၄)ဦး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။

ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အထက(၁)ကလောတွင်  အတွင်း၊ အပြင် ဖြေဆိုသူ ၃၀၈ ဦး၊ အထက(၂) ကလောတွင်အတွင်း၊အပြင်ဖြေဆိုသူ ၂၃၄ ဦး၊ အထက(၃) အောင်ပန်းတွင်အတွင်း၊အပြင်ဖြေဆိုသူ ၂၈၈ ဦး၊ အထက-(၅) အောင်ပန်းတွင်အတွင်း၊ အပြင် ဖြေဆိုသူ ၃၀၈ ဦး၊ အထက-(၄)ဟဲဟိုးတွင် အတွင်း၊အပြင်ဖြေဆိုသူ ၁၉၈ ဦး၊အထက (၆) ဘော်ဆိုင်းတွင် အတွင်း၊အပြင်ဖြေဆိုသူ ၃၈ ဦး၊စုစုပေါင်း ၁၃၇၄ ဝင်ရောက်ဖြေဆိုကြောင်း၊ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲအင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၉၂ဒသမ ၁၅) ရာခိုင်နှုန်းနှင့် ပျက်ကွက်မှုရာခိုင်နှုန်း(၉.၀၄)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျော်ဝင်း