ကျောင်းကုန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာ ဆက်လက်ဖြေဆို

ကျောင်းကုန်း ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာကို ယနေ့နံနက် ၉ နာရီအချိန်က ဖြေဆိုခဲ့ကြသည်။

ဒုတိယနေ့ တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းတွင်းနှင့် ကျောင်းပြင်ကျောင်းသား (၆၆၀)ဦးနှင့် ကျောင်းသူ (၈၄၂)ဦး စာရင်းရှိ (၁၅၀၂)ဦးတွင် ကျောင်းသား (၆၂၃)ဦးနှင့် ကျောင်းသူ (၈၂၁)ဦး စုစုပေါင်း (၁၄၄၄)ဦး ဖြေဆိုခဲ့ကြပြီး၊ ပျက်ကွက်မှုမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ကျောင်းကုန်းမြို့နယ်အတွင်း ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို အ.ထ.က(၁)၊ အ.ထ.က (၂)၊ အ.ထ.က ဂုန်မင်း၊ အ.ထ.က အစုကြီး၊ အ.ထ.က ချောင်ကြီး၊ အ.ထ.က တံခွန်တိုင်၊ အ.ထ.က ဒေါင့်ကြီး၊ အ.ထ.က ပေါက်ဆိန်ပဲ့၊ အ.ထ.က ဝက်ခြံဂရက်နှင့် အ.ထ.က လှည်းဆိပ် စသည့် အခြေခံပညာ အထက်တန်းကျောင်း (၁၀)ကျောင်း၌ ဖြေဆိုခဲ့ကြပြီး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မသန်းစွမ်း ကျောင်းသူတစ်ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)