ဟင်္သာတမြို့နယ်တွင် ခရိုင်ကညနရုံးဝန်ထမ်းများ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်

ဟင်္သာတ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်၏ လမ်းညွှန်မှုဖြင့် ဟင်္သာတမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ခရိုင် ကညန ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ရုံးဝန်ထမ်းများအား ယနေ့ နံနက် ၁၀ နာရီက မီးဘေးကြိုတင် ကာကွယ်ရေး၊ မီးဘေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးသွင်ကိုကိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဦးဆောင်၍ ခရိုင်ကညနရုံးရှိ ဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းများ၊ မီးဘေး အန္တရာယ် အသိပညာပေး ဟောပြောခြင်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ