အောင်လံမြို့နယ်၌ မြို့အဝင်/အထွက် ဂိတ်များတွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ပ/မပါနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး ကတ်ပြား ပါ/မပါစစ်ဆေးဆောင်ရွက်

အောင်လံ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မြို့အဝင်/အထွက် ဂိတ်များတွင် ခရီးသွား ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ပါ/မပါနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကတ်ပြား ပါ/မပါ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့အဝင်/အထွက် စစ်ဆေးရေး ဂိတ်တွင် မြို့နယ်အတွင်းဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများအား နိုင်ငံသားစစ်ဆေးရေး ကတ်ပြား ယူဆောင် သွားလာမှု စစ်ဆေးခြင်းနှင့်၊ ကိုဗစ်ကာကွယ်ဆေးထိုးကတ် ယူဆောင်လာမှု ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယူဆောင်လာခြင်းမရှိသော ခရီးသွားပြည်သူများအား နေရပ်သို့ပြန်လည်စေလွှတ်၍ မြို့တွင်းသို့ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ယူဆောင်လာစေရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)