ကံမ ဧပြီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မီးသတ်ဦးစီးဌာနတွင် အသုံးပြုရန် လေဖြည့် သွင်းစက် တစ်လုံးအား လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်မှရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲလင်းထွန်း တို့က လေဖြည့်သွင်းစက်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်း များအားလည်းကောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်က လေဖြည့်သွင်း စက်(Air Filling Maching) တစ်လုံးအားလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်က လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ လေဖြည့်စက်မှာ မီးသတ်ဦးစီးဌာနတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ မီးငြိမ်းသတ်ရေးလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု လျက်ရှိသော အသက်ရှုကိရိယာ၊ ကျောလွယ်မီးသတ်ဆေးပုံးများတွင်တပ်ဆင်အသုံးပြုရသည့် လေအိုးများ သို့ လေဖြည့်သွင်းအသုံးပြုနိုင်ရန် လိုအပ်လျက်ရှိသည့် ငွေကျပ်လေးဆယ်ငါးသိန်း တန်ဖိုးရှိသည့်(Air Filling Maching) စက်ကို လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)