မြောင်းမြ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။
မြောင်းမြ စာဖြေဌာန (၁၁)ခုတို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်မှ ဧပြီလ (၉)ရက်နေ့ထိ ကျင်းပသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများက စာဖြေခန်းများ၊ လုံခြုံရေးစီမံနေရာချထားမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင်သင့်ထားရှိမှုများ၊ ရေ/မီး အဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက် ထားရှိမှုများကို ကြီးကြပ်ဆောင်ရွက်ပြီး လိုက်လံလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မြောင်းမြမြို့ရှိ စာဖြေဌာန (၁၁)နေရာ၌ ဖြေဆိုရန် တင်သွင်းထားသူ ကျောင်းသား/ ကျောင်းသူ ( ၂၀၂၁) ဦး ဖြေဆိုစာရင်းတွင် ဖြေဆိုဦးရေ (၁၉၀၆) ဦးနှင့် ပျက်ကွက်(၁၁၅) ဦးတို့ရှိရာ စာမေးပွဲဖြေဆိုသူ ရာခိုင်နှုန်း(၉၄.၃၁) ရာခိုင်နှုန်းရှိရာ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်းသိရသည်။
ခင်ရူပါအေး