ဟိုပန်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများအား အာဟာရကြက်ပေါင်းရည်ကဒ် ထောက်ပံ့ပေးအပ်

ဟိုပန်    ဧပြီ ၁

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးညီနပ်နှင့် ဇနီး ဒေါ်အားရီ မိသားစုမှ ဟိုပန်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက် ဖြေဆို​နေသည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး ကောင်းမွန်စေရေးအတွက် အာဟာရကြက်ပေါင်းရည်ဘူးများကို ယမန်နေ့နေ့လည်ပိုင်းက အဆိုပါကျောင်းဝန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင်   "ဝ" ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၏ ဇနီး ဒေါ်အားရီက အထက(ဟိုပန်)စာစစ်ဌာန တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုလျက်ရှိသည့် ကျောင်းသား(၃၀)ဦးနှင့် ကျောင်းသူ(၆၈)ဦး စုစုပေါင်း ကျောင်းသား/သူ (၉၈)ဦးတို့အား တန်ဖိုးငွေကျပ်(၁၁)သိန်းရှိသည့် အာဟာရကြက်ပေါင်းရည်ဘူး(၆)ဘူးပါသည့် အာဟာရကဒ်များအား လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ဇင်ဇင်