အုတ်တွင်းမြို့နယ်တွင်အ​ခြေခံ အေရိုးဗစ်သင်တန်း အခမဲ့ဖွင့် လှစ်သင်ကြားပေး

အုတ်တွင်း    ဧပြီ    

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ချိန် ကာလတွင်ကျောင်းသားကျောင်းသူများ အနေဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်အတွက် ရည်ရွယ်ကာ နွေရာသီ အ​ခြေခံအေရိုးဗစ် သင်တန်းအခမဲ့ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ()နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထု အခြေပြုဗဟိုဌာနCommunity  Centre ခန်းမတွင်  ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် အုတ်တွင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက သင်တန်းဖွင့် လှစ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်မေဇွန်ထက်ထက်အောင်က အခြေခံအေရိုးဗစ် ကကွက် ၄၆ ကွက်အကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာဧ​ပြီ၁ရက်နေ့မှ ၈ ရက်ထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ် ကြောင်းနေ့စဉ် နံနက်()နာရီခွဲမှ ညနေ()နာရီ အချိန်ထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)