မြစ်ကြီးနား မတ် ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ပြည်နယ်နှင့်ခရိုင်အဆင့်များမှ လုပ်ငန်း လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများမှာ ၆၀ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် ထိုးနှံခြင်းမပြုရသေးသူများအနေဖြင့် မပျက်မကွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသွားကြ ရန်လိုအပ်ကြောင်း၊ နွေရာသီဖြစ်သောကြောင့် မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း မြေနေရာဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့သည်။
ထိုနောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ(၄၅) အုပ်စုမှ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့လုပ်ငန်းများနှင့် ဆက်စပ်သည်များကို ဆွေးနွေးတင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ် သည်များကို ဖြည့်စွက်ညှိနှိုင်း ဆွေးခဲ့သည်။
ဆိုင်းနစ်(ပြန်/ဆက်)