ဖြူး ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုကျောင်း ဆင်းများ ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ချိန်ကာလတွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အခြေခံပန်းချီပညာကို တတ်မြောက်သွား စေရန်အတွက် ရည်ရွယ်ကာ နွေရာသီ ပန်းချီသင်တန်းအခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ သင်တန်းဖွင့်ပွဲကို ဧပြီလ ၂ ရက်နေ့၊ နံနက် (၉) နာရီအချိန်က ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖြူးမြို့နယ် စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်းဥက္ကဠ ဦးကျော်ဆွေဝင်းက ရသပညာနှင့် ပန်းချီ ဆက်စပ်မှုသဘောတရား များအားရှင်းလင်းပြောကြားပြီး သင်တန်းနည်း ပြဆရာ ပန်းချီပညာဝါသနာ အိုးများ (Group) ဥက္ကဋ္ဌ ဦးကျော်ငြိမ်း (စိတ်မီးအိမ်) က သင်တန်းစည်းမျဉ်းစည်း ကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မူလတန်း/အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦး တက်ရောက် ပြီး သင်တန်းကာလမှာ (၁) လ ကြာမြင့်မှာဖြစ်ပြီး သင်္ကြန်ရုံးပိတ်ရက်ကာလမပါ နေ့စဉ်နံနက် (၉) နာရီမှ (၁၀) နာရီခွဲအချိန်ထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)