ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ကာလိ ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က စတင်၍ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးမှုတွင်   ကာလိမြို့အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့ကို ဦးဆောင်ပြီး ဆေးမထိုးနှံရသေးသူများအား သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတွင် ကျန်းမာရေးဝန်ထမ်းများက  ကျန်းမာရေးဌာနဝန်ကြီးဌာနမ၏ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်း‌ဆေးထိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)