အင်းစိန်မြို့နယ်၌ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်

ရန်ကုန် ဧပြီ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြု သုံးစွဲနိုင်စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွား စေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများအား မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယနေ့ နံနက်()နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်း မီးကျန်မရှိစေရေး စနစ်တကျ ငြှိမ်းသတ်ကြရန်၊ လျှပ်စစ်မီးသုံး စွဲရာတွင်လည်း သတိပြုသုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးထားကြရန်၊ လျှစ်စစ် မီးသုံးစွဲပြီးသည့်အခါတိုင်း မီးခလုပ်များကို သေချာစွာ ပိတ်ထားကြရန်၊ အိမ်ပြင်ပသို့ သွားလျှင် မီးမိန်းများကို ချထားကြရန်၊ နေအိမ်အတွင်းနှင့် နေအိမ်ပြင်ပတွင် မီးလောင်လွယ်သည့် အမှိုက်များကို ရှင်းထားကြရန်စသည့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မိဘပြည်သူများ ယခုအခါ ပူပြင်းခြောက်သွေ့သောအချိန်သို့ ရောက်ရှိလာပြီး ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါ ကလည်း အရေးပေါ်ဖုန်းနံပါတ် ၁၉၁၊ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၁၃၆၄၀၀၇၀ သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပညာပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)