ပင်းတယ မြို့အလှကျက်သရေဆောင် ပုန်းတလုတ်ရေကန်အတွင်းသို့​ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်

ပင်းတယ ဧပြီ ၅

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့လယ်ရှိရှေ သဘာဝပုန်းတလုတ်နတ်ရေကန်အတွင်း မိုးရာသီမိုး​ရေရရှိချိန် ရေစီးရေလာကောင်းမွန်စွာ ဝင်ရောက် မှုရှိစေရန် ဧပြီလဆန်းပိုင်းမှ စတင်ကာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်အတွင်း မိုးရွာသွန်းချိန် ရေစီးရေလာကောင်းမွန်စေရန် ပုန်းတလုတ် ရေကန်ပတ်လည်ရှိ ရွံ့မြေများ၊ နုန်းမြေများ၊ အမှိုက်သရိုက် များ ရှင်းလင်းဖယ်ရှားခြင်းနှင့် ဖောင်းတောပင်များ ဖယ်ရှားပေးခြင်းလုပ်ငန်းတို့ကို (MRTV-4 ) မိသားစုမှ မြေတူးစက်ယန္တရားများ၊ ပင်းတယမြို့နယ် စည်ပင်သာယာရေးကော်မတီ လုပ်ငန်းသုံးယာဉ်များ၊  ပုဂ္ဂလိကထော်လဂျီယာဉ်ငယ်များတို့ဖြင့် မြို့မိမြို့ဖများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)