ဇေယျာသီရိ ဧပြီ ၅
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။
ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဇေယျာသီရိ မြို့နယ် ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်းအခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောက်ချက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) စာစစ်ဌာနပေါင်း(၅)ခုဖြင့် ကျင်းပရာ ကျောင်းသား (၇၂၅)ဦး၊ ကျောင်းသူ (၉၅၂) စုစုပေါင်း (၁၆၇၇)ဦးတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၀၅)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၄ ဒသမ ၁၁ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေး မှူးရုံးမှသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီ စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)