ဗန်းမောက်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက် ဖြေဆို

ဗန်းမောက် ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သိပ္ပံဘာသာရပ်ဖြစ်သည့်(ရူပဗေဒဘာသာ)ကို အထက ဗန်းမောက်၊ အထက စက်တော စာစစ်ဌာနများ၌ ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဖြေဆိုလျက်ရှိသည်။

ဗန်းမောက်မြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် သိပ္ပံဘာသာရပ်ဖြစ်သည့် (ရူပဗေဒ ဘာသာ) ကို စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူ(၁၁၁)ဦးရှိသည့်အနက် အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၆၇)ဦး၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၃၄)ဦး စုစုပေါင်း(၁၀၁)ဦး ဖြေဆိုခဲ့ပြီး၊ ပျက်ကွက် (၁၀)ဦးရှိပြီး (၉၀.၉၉) ရာခိုင်နှုန်း ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ တာဝန်ရှိ ဌာနဆိုင်ရာများက သွားရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မေသူဟန်(ဗန်းမောက်)