သတင်းများ

ချောက်မြို့နယ်၊ ကြီးနီ​ကျေးရွာ၌ က​လေးသူငယ်ဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော​​
Nov 04,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ် ​သွေးနက်အုပ်စု ကြီးနီ​ကျေးရွာ ရွာဦးဘုန်းကြီး​ကျောင်း၌ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာန၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနတို့ ပူး​ပေါင်း၍ ယမန်နေ့နံနက်၁၀နာရီအချိန်က က​လေးသူငယ်ဆိုင်ရာ အသိပညာ​ပေး​ဟော​​ပြောပွဲ ကျင်းပပြု လုပ်ခဲ့သည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ
Nov 04,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် အိမ်တိုင်ရာရောက် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိ
Nov 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အိမ်တိုင်ရာရောက် ခွေးရူးရောဂါဖြစ်ပွားမှုလျော့နည်းစေရန်အတွက် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်နေအိမ်များတွင် အိမ်တိုက်ရာရောက်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့သည်။
(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် သွေးလှူဒါန်း
Nov 04,2022
(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်ရုံး၊ တောင်ကြီးခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၊ Blood Bank(သွေးလှူဘဏ်)၌  သွေးလှူဒါန်းနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မင်းဘူးမြို့ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေး
Nov 04,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ကို သက်သာသောဈေးနှုန်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ကားကြီးကွင်းအရှေ့၌ ဆန်တစ်ပြည်ကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြိုနယ်တွင် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန်လှည့်လည်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန် လှည့်လည်ပွဲနှင့် ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် (၆)နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အိမ်မဲမြို့နယ်တွင် (၃၃)ကြိမ်မြောက် စုပေါင်းပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် (၃၃)ကြိမ်မြောက် စုပေါင်းပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၅ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Nov 04,2022
ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။