သတင်းများ

တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို
Apr 08,2022
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သမိုင်း ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၅၅)ဦး ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Apr 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ ဒေသခံလူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရျင်သန်ရေးအတွက် မတ်လ ၂၅ ရက်နေ့မှစ၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနကဆောင်ရွက်သော နွေရာသီအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့တွင် မြို့နယ်ရှိအားကစားကွင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လူကုန်ကုးမှုတိုက်ဖျက်ရေးအသိပညာပေး Talk Show ကျင်းပ
Apr 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကုးမှုတိုက်ဖျက်ရေးအသိပညာပေး Talk Showကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကွင်းဆင်းထိုးနှံပေး
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေး လုံးဝမထိုးနှံရသေးသူများအား ရပ်ကွက်ကျေးရွာများ အရောက်   ယနေ့ နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် အ.ထ.က စာစစ်ဌာန၌  ဝိဇ္ဇာတွဲ သမိုင်းဘာသာရပ်ကို ၃ ဦး ဝင်ရောက်ဖြေဆို
Apr 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာတွဲ သမိုင်းဘာသာရပ်ကို အ.ထ.က စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြောင်းသိရသည်။
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူများအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအား ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ စစ်တုရင်ပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
မိုင်းရယ်၌ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲနှင့်ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲကျင်းပ
Apr 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ မြို့နယ်ဘောလုံးကွင်းတွင် ပြုလုပ်သည်။
ကော့မှူးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲသမိုင်းဘာသာရပ်အား ဖြေဆို
Apr 08,2022
ရန်ကုန်‌တောင်ပိုင်းခရိုင်‌၊ ကော့မှူးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ယနေ့နံနက်၉နာရီက ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း သမိုင်းဘာသာရပ်အား တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနေကြကြောင်း သိရသည်။