ညောင်တုန်းမြို့၌ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ညောင်တုန်း နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၌ ကျရောက်မည့် (၃၄)ကြိမ်မြောက် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်၁၀နာရီအချိန်ခန့်က အမှတ်  (၂)ရပ်ကွက်ရှိ အတုလမာရဇိန် ကြေးသွန်းဘုရားကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းမျာက အတုလမာရဇိန် ကြေးသွန်းဘုရားကြီး ရင်ပြင်တော်နှင့် ဘုရားဝင်းအတွင်း တံမြက်စည်းလှဲခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)