သတင်းများ

ကန့်ဘလူမြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဧပြီ ၈ ရက်မွန်းလွဲ ၁၂ နာရီခွဲက တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုပြီးသော ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသည့် ကျောင်းသားကျောင်းသူများကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုကျောင်းဆောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်မြို့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး Talk Show ကျင်းပ
Apr 08,2022
သထုံခရိုင်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာအသိပညာပေး(Talk Show)ကို ယနေ့မွန်းလွဲပိုင်းက မြို့နယ် လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ (၂၀၂၁-၂၀၂၂ ) ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာန(၃)ခု တို့တွင် ဖြေဆိုပြီးစီး
Apr 08,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ (၂၀၂၁-၂၀၂၂ ) ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို စာဖြေဌာန (၃)ခု၌ ကျောင်းပြင်ဖြေ၊ ကျောင်းတွင်းဖြေ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ဖြေဆိုပြီးခဲ့သည်။
သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို
Apr 08,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့နံနက်ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိရာ ယနေ့နောက်ဆုံးနေ့အဖြစ် သမိုင်းဘာသာရပ်အား မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၆.၃၀ ရာခိုင်နှုန်း လာရောက်ဖြေဆို ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီ က ဇီးအုပ်ကျေးရွာအုပ်စု၊ ဇီးအုပ်ကျေးရွာ၌ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအား  ဆန်နှင့် ထောက်ပံ့ ပစ္စည်း များလာရောက်ပေးအပ်
Apr 08,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေး ရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စုများအား  ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်နှင့် လူသုံး ပစ္စည်းများအား  တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက   အဆိုပါ ကျေးရွာတွင် လာရောက်ထောက်ပံ့ ပေးအပ် ခဲ့ ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့် မြန်မာနှစ်ဆန်း (၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Apr 08,2022
၂၀၂၂ ခုနှစ်၊ ချင်းပြည်နယ် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းအခမ်းနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်းရှင်းလင်း ဆောင်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Apr 08,2022
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်း ကျေးရွာ စိုက်ပျိုးရေရရှိရေးမြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ဌာနဆိုင်ရာများ၊ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ရာ ဆည်မြောင်းနှင့်ရေ အသုံချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦးမှ စီမံကိန်းဆိုင်ရာ အချက် အလက်များအား စတင်ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ သိရှိလိုသည်များကို မေးမြန်း ခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။