လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show ကျင်းပ

ဇေယျာသီရိ နိုဝင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က လူငယ်နှင့် မျိုးချစ်စိတ် ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က စစ်မှန်သည့် မျိုးချစ်စိတ်နှင့် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါမှု၊ လူငယ်များမျိုးချစ်စိတ်ရှိစေရန် လေ့လာမှတ်သားသင့်သည့် အကြောင်းအရာများကို ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook page တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)